APK Editor Pro လေးပါ...play store မှာဆိုရင် $ နဲ့ ပေးဝယ်ရပါတယ်... search box ကနေရှာဖို့ကလဲမလွယ်ပါဘူး...အခက်ခဲရှိသူတွေနှင့်အကူညီတောင်းထားသောfriendများအတွက်တင်ပေးလိုက်တာပါ။ လိုအပ်သူများ download လုပ်ယူနိုင်ပါတယ်...
အသုံးပြုနည်းတွေပါရှင်းပြပေးပါ့မယ်...
Apk Editor pro က apk တော်တော်များများကို Support ပေးပါတယ်...
သူ့ရဲ့လုပ်ဆောင်မှုများကတော့ >>> apk label များကို မြန်မာမှုပြန်ရေးနိုင်ခြင်း၊ Icon များပြောင်းလဲပေးနိုင်ခြင်းတို့ကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
အသုံးပြုပုံ >>>
1. Apk Editor Pro ကိုဖွင့်လိုက်ပါ >>> Select an Apk File ဆိုတာလေးကိုနှိပ်ဝင်လိုက်ပါ >>> အထဲကိုရောက်သွားရင် ကိုယ်ပြုပြင်ပေးမယ့် apk ကို လိုက်ရှာပြီးဖွင့်လိုက်ပါ။
2. String ဆိုတဲ့မူလနေရာမှာပေါ်နေတဲ့ app name label တို့မှာ မြန်မာမှုပြန်လည်ရေးသားရမှာပါ...
3.Resource ထဲကိုဝင်လိုက်ရင် >>> drawable တွေထဲမှာ Icon များကိုပြောင်းလဲနိုင်မှာဖြစ်ပါတယ်။ Icon ပြောင်းဖို့ရာအတွက် ကိုယ့်ဖုန်းထဲမှာ ရှိနေတဲ့ပုံတွေက png အမျိုးစားဖြစ်နေရမှာပါ... jpg နဲ့မရပါဘူး...
4. Icon ပြောင်းမယ်ဆိုရင် ကိုယ်ပြောင်းမယ့် icon ပေါ်ကို တချက်ကလစ်လိုက်ပါ. folder တွေပေါ်လာရင် ကိုယ်ပြောင်းချင်တဲ့ ပုံကိုသိမ်းထားတဲ့နေရာမှပုံများထဲကတပုံကိုရွေးပေးလိုက်ပါ။
5.အားလုံးပြီးသွားလို့ ပြန်ထွက်တာပဲဖြစ်ဖြစ် icon ချိန်းဖို့ရာအတွက်icon တွေကိုလိုက်ရှာရတာပဲဖြစ်ဖြစ် back လုပ်မယ်ဆိုရင် ဖုန်းမှာပါတဲ့ back key နဲ့ပြန်မထွက်ပါနဲ့ ... folder တခုကိုဝင်လိုက်ရင် back လုပ်ဖို့ရာအတွက် အပေါ်ဆုံးမှာ ပါပါတယ်...အဲ့ဒါလေးနဲ့ back လုပ်ပါ.. သတိပြုရမှာဖြစ်ပါတယ် ဖုန်းက back key နဲ့ပြန်ထွက်လိုက်ရင် အကုန်ပြန်ထွက်သွားမှာပါ။
6. စိတ်ကြိုက်အားလုံးပြင်ဆင်ရေးသားပြုစုပြီးသွားပြီဆိုရင်တော့ Save လုပ်လိုက်ပါ။ အောက်မှာပြထားတဲ့ပုံလေးအတိုင်းအမှန်ခြစ်လေးပြပြီးပြီးဆုံးသွားရင်တော့ ကိုယ်ပြန်ပြီးရေးသားလိုက်တဲ့ apk ကို Apk Editor Pro က support ပေးလို့ဆိုတာသေချာသွားပါပြီ။ save လုပ်လိုက်တဲ့ apk ကို install လုပ်လိုက်တာနဲ့ ကိုယ်ပြင်ပြီးရေးသားထားတဲ့အတိုင်းမြင်တွေ့ရမှာဖြစ်ပါတယ်။
အားလုံးအဆင်ပြေကြပါစေ....
ကျေးဇူးတင်ပါတယ်။ သိချင်တာသိရလို့ဝမ်းသာမိပါတယ်။
ReplyDeleteနည်းပညာမျှဝေတဲ့စိတ်ဓာတ်ကိုလေးစားပါတယ်။
မရဘူး
ReplyDelete