ROM Toolbox ကိုအသုံးပြုမယ်ဆိုရင်တော့ ဖုန်းအတွက် အန္တရာယ်ရှိတဲ့အပိုင်းတွေရယ် ကောင်းတဲ့အပိုင်းလေးတွေရယ်ရှိပါတယ်...ကိုယ်ပိုင် custom rom လုပ်မယ့်အပိုင်းလေး တွေပါ... ကျနော်ပြောပြပေးမှာက ကိုယ့်ရဲ့ဖုန်းကို အန္တရာယ်မရှိစေနိုင်မယ့် တစ်စိတ် တစ်တနေရာကအကြောင်းအရာလေးတွေဖြစ်ပါတယ်... Application တခုဟာ Android version တိုင်းနဲ့အဆင်ပြေတာရှိသလို အဆင်မပြေတဲ့အပိုင်းလေးတွေလဲ ရှိတတ်ပါတယ်...Tool တွေသုံးတဲ့အခါမှာ တချို့သော Android version မှာ မကိုက်ညီတာလေးတွေရှိလို့ Firmware ကျသွားတာလေးတွေရှိပါတယ်...ကျနော်ကြိုပြောထားတာပါ... ကဲ!!! Rom Toolbox အကြောင်းတစေ့တစောင်းလေးစလိုက်ကြရအောင်ဗျာ... ပထမအရေးကြီးတာတချက်ကတော့ Rom toolbox အသုံးပြုရန်အတွက် ဖုန်းမှာ Root ရှိဖို့လိုအပ်ပါတယ်...အသုံးပြုမယ့်သူများ Rom Toolbox pro.apk ကို ဒီမှာ.ဝင်ပြီး download ရယူပါ...down ပြီးရင် ဖုန်းထဲမှာ install လုပ်ပါ... Rom Toolbox ကို စပြီးဖွင့်တဲ့အချိန်မှာ Root access တောင်းပါလိမ့်မယ်.. allow ပေးလိုက်ပါ...Rom toolbox စတတ်လာခဲ့ရင် ပထမစာမျက်နှာမှာ Tool ကိုတွေ့ရမှာပါ... Tool ရဲ့ညာဘက်မှာ performance ပြီးရင် interface ဆိုပြီး စုစုပေါင်း စာမျက်နှာ သုံးခုကိုတွေ့ရမှာဖြစ်ပါတယ်..ပထမစာမျက်နှာTool မှာပါတဲ့ အန္တရာယ်မရှိစေတဲ့ ဖုန်းကိုကာကွယ်နိုင်မည့်အချက်လက်အကြောင်းရာတွေကို ရွေးချယ်ပြီးပြောပြပေးပါမယ်..
Tool စာမျက်နှာမှာပါတဲ့ အချက်တွေထဲက App Manager မှာပါတဲ့အကြောင်းအရာ>>>
ကိုယ့်ရဲ့ ဖုန်းထဲမှာရှိတဲ့ system app တွေ နောက်မှ install လုပ်ထားတဲ့ app တွေကို Backup and Restore ပြုလုပ်နိုင်ခြင်း, Uninstall ပြုလုပ်နိုင်းခြင်း, apk ရဲ့ အချက်လက်များကြည့်ရှုနိုင်ခြင်း, Running မှာ End Task နှင့် Exclude ပြုလုပ်နိုင်ခြင်း, Freeze ပြုလုပ်ထားနိုင်ခြင်းများဖြစ်ပါတယ်...
Root Browserရဲ့အချက်လက်>>> root browser ကတော့ system file တွေကို ပြုပြင်နိုင်ခြင်း Internet ဖွင့်ထားပြီး version update ပြုလုပ်နိုင်ခြင်းတို့ဖြစ်ပါတယ်...
Configure Apps2SDရဲ့အချက်လက်>>> ကိုယ်ဖုန်းထဲမှာ Application တွေကို install လုပ်တဲ့အခါ SD card ထဲရောက်ဖို့ရန်အတွက် location ရွေးပေးထားလို့ရပါတယ်...
Rebooter>>> မှာ Reboot ချနိုင်ခြင်း Reboot အမြန်ချနိုင်ခြင်း RecoverReboot ပြုလုပ်နိုင်ခြင်း Reboot Bootloder ပြုလုပ်နိုင်ခြင်း Power down ပြုလုပ်နိုင်ခြင်းတို့ဖြစ်ပါတယ်...
Performance စာမျက်နှာမှာပါတဲ့ အချက်လက်တွေတော့ ပြောမပြတော့ပါဘူး...
Interface စာမျက်နှာမှာပါတဲ့အချက်လက်တွေကတော့ Internet ဖွင့်ထားပြီးအသုံးပြုရမယ့်အပိုင်းလေးတွေဖြစ်ပါတယ်...
Font installer, Boot animations, Theme manager, Icon changer, Boot Logo changer, Theme chooser Themes တို့ကို ပြုပြင်ပြောင်းလဲနိုင်မှာဖြစ်ပါတယ်... icon changer မှာ နမူနာအနေနဲ့ screenshot ပြပေးထားပါတယ်...
0 comments:
Post a Comment
လိုအပ်တာများရှိရင် အောက်မှာ မှာကြားထားခဲ့ပါ