★မိတ်ဆွေ★ သင်လိုတာလေး Down ပြီးသွားရင် ကျွန်ုပ်ကို ကူညီပေးဖို့ မမေ့ပါနဲ့အုံးနော်...ဒီဘလော့လေးကို တခြားသူတွေလဲသိရှိစေရန်အတွက် post များကို ရှယ်ပေးခြင်းအားဖြင့်ပြန်လည်မျှဝေးပေးလိုက်ပါအုံးခင်ဗျ...

Sunday, 26 July 2020

Computer Basic

အားလုံးပဲ မင်္ဂလာပါ


Computer Basic အကြောင်းလေးနဲ့မိတ်ဆက်ပေးပါရစေ။ ရည်ရွယ်ချက်ကတော့ Computer ကို ခုမှစတင်လေ့လာနေတဲ့သူတွေအတွက်ဖြစ်ပါတယ်....

______________Part(1)_____________

          ပထမဦးဆုံး ကွန်ပျူတာကို စတင်လေ့လာတော့မယ်ဆိုင်ရင် ကွန်ပျူတာတစ်လုံးမှာပါရှိတဲ့အခြေခံအစိတ်အပိုင်းများ၊ အခေါ်ဝေါ်များနှင့် ကွန်ပျူတာတစ်လုံးမဝယ်ယူခင်သိထားသင့်တဲ့အချက်များကိုလေ့လာထားရပါမယ်။ ကွန်ပျူတာမှာ အများသုံးနေသော Laptop နှင့် Desktop (PC) ဆိုပြီး နှစ်မျိုးနှစ်စားရှိတာကို လူတိုင်းသိထားပြီးသားပါ။ Laptop  ကွန်ပျူတာမှာပါဝင်တဲ့ပစ္စည်းအစိတ်ပိုင်းများကတော့ ပါးလွှာသိပ်သည်းတဲ့ အစိတ်ပိုင်းတို့ဖြင့် ဖွဲ့စည်းထားတာဖြစ်သည့်အတွက်ကြောင့် သယ်ဆောင်ရတာဟာပေါ့ပါးလွန်းပြီး ဘယ်နေရာမှာမဆိုအသုံးပြုရတာလည်းလွယ်ကူစေပါတယ်။ ဒါကြောင့် Laptop ရဲ့ဈေးနှုန်းဟာ Desktop(PC) ထက်စာရင် ဈေးနှုန်းလည်းပိုမြင့်ပါတယ်။  Desktop (PC) မှာပါဝင်တဲ့ပစ္စည်းအစိတ်ပိုင်းများကိုရှင်းပြလိုက်ရင် Laptop ရဲ့အကြောင်းကိုလည်းအလိုလိုနားလည်သွားပါလိမ့်မယ်။ 
         ကွန်ပျူတာတစ်လုံးလို့ခေါ်ဝေါ်လို့ရအောင် Hardware များနှင့် Software တို့ဖြင့်ပေါင်းစပ်ဖွဲ့စည်းထားမှသာလျှင် ကွန်ပျူတာတစ်လုံးရယ်လို့ခေါ်နိုင်ပြီး အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် အရင်ဆုံး Hardware များ၏ အဓိကအစိတ်အပိုင်းများ၊ အခေါ်အဝေါ်များနှင့် လုပ်ဆောင်ချက်များကို ရှင်းပြပေးပါမယ်။ 
          Hardware များ၏ အဓိကအစိတ်အပိုင်းများ-

1- System Unit
2- Motherboard
3- Microprocessor(CPU)
4- Memory(RAM)
5- VGA (Video Graphic Card)
6- Computer Audio
7- Hard disk တို့ဖြစ်ကြပါတယ်။ ဒါတွေကတော့ အဓိကအစိတ်အပိုင်းများဖြစ်ပြီး တခြားသောအစိတ်ပိုင်းများလည်းရှိပါသေးတယ်။









ဆက်ရန်>>>

0 comments:

Post a Comment

လိုအပ်တာများရှိရင် အောက်မှာ မှာကြားထားခဲ့ပါ