Microsoft Office Outlook 2013 တွင် Sent Mail (မေးလ်ပို့ရန်) နှင့် Inbox Mails (မေးလ်များဖတ်ရန် ) အတွက် Outlook Mail ချိတ်ဆက်နည်းလေးကိုပြပေးသွားပါမယ်။ ဘာလို့လဲဆိုတော့ Outlook mail Login ဝင်ရာမှာ ရိုးရိုးသာမာန်အနေဖြင့်ဝင်ရောက်ချိတ်ဆက်၍မရခြင်းကြောင့်ဖြစ်ပါတယ်။ POP or IMAP Setting ကိုချိန်ညှိပြီးမှ Mail Server တစ်ခုရရှိနိုင်မှာဖြစ်တဲ့အတွက်ကြောင့် POP or IMAP Setting ချိန်နည်းကိုပြပေးသွားမှာဖြစ်ပါတယ်။ အရင်ဆုံး Miscrosoft Outlook Mail account တစ်ခုရှိထားမှရပါမယ်။ account မရှိသေးရင် Outlook.com တွင် New account တစ်ကောင့်ဖွင့်လိုက်ပါ။ အောက်မှာကျွန်တော်ပြတဲ့အတိုင်းလိုက်လုပ်ကြည့်နော်…..
account ရှိပြီဆိုလျှင် Computer Program မှ Outlook Program ကိုဖွင့်ပါ။ Outlook program ပွင့်လာလျှင်
File >>> Acccount Information >>> Add account ကိုဝင်ပါသင့်ရဲ့ Outlook account ကိုနမူနာပြထားတဲ့ Setting အတိုင်းရိုက်ထည့်ပြီး More Setting ထဲကိုဝင်ပါ။ (မှတ်ချက်- imap-mail.outlook.com , smtp-mail.outlook.com မှာ imap နှင့် smtp ရဲ့နောက်က ( - ပါ) ( . မဟုတ်ပါဘူး) နော်...
internet e-mail settings Box ကျလာလျှင် Outgoing Server နှင့် Advanced တွင် ပုံမှာပြထားတဲ့ Setting အတိုင်းချိန်ပေးပြီး Ok နှိပ်လိုက်ပါ။
Test Account Settings တွင် မိနစ်အနည်းငယ်စောင့်ပေးပြီး Ststus မှာ Completed နှစ်ခုနှင့် အမှန်ခြစ်လေးတွေပြသွားရင် Close ကိုနှိပ်ပါ။
0 comments:
Post a Comment
လိုအပ်တာများရှိရင် အောက်မှာ မှာကြားထားခဲ့ပါ