★မိတ်ဆွေ★ သင်လိုတာလေး Down ပြီးသွားရင် ကျွန်ုပ်ကို ကူညီပေးဖို့ မမေ့ပါနဲ့အုံးနော်...ဒီဘလော့လေးကို တခြားသူတွေလဲသိရှိစေရန်အတွက် post များကို ရှယ်ပေးခြင်းအားဖြင့်ပြန်လည်မျှဝေးပေးလိုက်ပါအုံးခင်ဗျ...
This is default featured slide 1 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
Wednesday, 26 November 2014
Computer မှာ မရှိမဖြစ်​​ဆောင်​ထားရမယ့်​ USB Drivers
Android Phone တွေအတွက် Computer မှာမရှိမဖြစ် ဆောင်ထားရမယ့် USBDrivers  လေးပါ...
Computer မှာ Android Phone တွေရဲ့ USB Device ကို သိဖို့အတွက် ကျနော် ခုချပေးထားတဲ့ download ထဲမှာ win 32bit,64bit ၂မျိုးလုံးအသုံးပြုနိုင်​အောင်​ တင်​​ပေးထားပါတယ်။ အထဲမှာလဲ Auto ရယ် Manual ရယ်ဆိုပြီး ထည့်ပေးထားပါတယ်။
Zip file လေးကို down ပြီးရင် အရင်ဆုံး Auto folder မှာပါတဲ့ DPInst.exe ကို ကိုယ့်ရဲ့Computer Operating System ရွေးပြီး Install လုပ်လိုက်ပါ။ Computer Operating System က 64bit ဆိုလျှင် DPInst64.exe ကို Install လုပ်လိုက်ပါ။ Computer မှာ DPInst ကို install လုပ်ထားတာတောင်မှ တချို့ Phone တွေရဲ့ USB Device ကို computer က မသိတာတွေရှိတတ်ပါတယ်။ အဲ့တာဆိုရင်တော့ Manual ထဲမှာပါတဲ့ android_winusb.inf နဲ့ Phone ရဲ့ USB Device ကိုသိအောင်လုပ်ရမှာပါ။ Manual အသုံးပြုနည်းကိုတော့ အောက်မှာပြထားတဲ့ပုံကို ကြည့်ပြီးတော့လုပ်လိုက်ပါ။
အားလုံးနားလည်​သွားပြီဆိုရင်​​တော့ Computer မှာ driver သိသွားတဲ့ phone ကို ကိုယ်​လုပ်​ချင်​တာ​လေး​တွေလုပ်​လို့ရသွားပါပြီ ...
⏳Download လုပ်​နည်း >>
📥Step-1 > အောက်က Download Here ကိုနှိပ်​ပါ။
📥Step-2 > Adf.ly မှာ"5sec" လောက်စောင့်ပေးပါ။
📥Step-3 > " SKIP AD " ကိုနှိပ်ပေးပါ။
📲Step-4 > Download Link ကျလာပါလိမ့်မယ်။
DOWNLOAD HERE
Tuesday, 25 November 2014
Music player ​ကောင်း​ကောင်း ​ကြိုက်​သူများအတွက်​ TTpod.apk (version 7•6•0)
ကောင်းမွန်​​သောအသံများကိုဖန်​တီးနိုင်​ပြီး အမြင်​ဆန်းသစ်​စွာ နာဆင်​ခံစားလိုသူများအတွက်​ TTpod...
TTpot နဲ့မှ music ​တွေကို နား​ထောင်​ချင်​ပါတယ်​ဆိုတဲ့ TTpod ချစ်​သူများ...
အောက်​မှာ Download ​ပေးထားပါတယ်​...
ယခုလမှထွက်​ရှိထားတဲ့ Update ​လေးပါ...
♨ Download လုပ်​နည်း >>
♨ Step-1 > အောက်က Download Here ကိုနှိပ်​ပါ။
♨ Step-2 > Adf.ly မှာ"5sec" လောက်စောင့်ပေးပါ။
♨ Step-3 > " SKIP AD " ကိုနှိပ်ပေးပါ။
♨ Step-4 > Download Link ကျလာပါလိမ့်မယ်။
✉ All My Friends အဆင်ပြေကြပါစေဗျာ...
Sunday, 23 November 2014
ဖုန်းထဲမှာတင်​ pdf,txt,doc,xls,pptx အစရှိတာ​တွေကို အသုံးပြုနိုင်​တဲ့ Kingsoft office.apk
ဖုန်းထဲမှာတင်​ pdf,txt,doc,xls,pptx အစရှိတာ​တွေကို အသုံးပြုနိုင်​တဲ့ Kingsoft office.apk (Version 5.9.3) ပါ..
Huawel phone တိုင်းလိုလို originals ပါလာတဲ့ app ​လေးဖြစ်​ပါတယ်​။ မပါလာတဲ့ဖုန်းပိုင်​ရှင်​များအတွက်​ အသုံးပြုနိုင်​ရန်​ ​အောက်​မှာ download ​ပေးထားပါတယ်​. ရှိပြီးသားသူများကလဲ update လုပ်​နိုင်​ပါတယ်​.
လိုင်းမ​ကောင်းတဲ့ကြားကတင်​ရတာမို့လို့ အသုံးပြုနည်း​တွေကိုရှင်းမပြ​တော့ပါဘူး.. သိရှိလိုပါက facebook chat box မှာ လာ​ရောက်​​မေးမြန်းနိုင်​ပါတယ်​။ ✌ My Facebook TimeLine
♨ Download လုပ်​နည်း >>
♨ Step-1 > အောက်က Download Here ကိုနှိပ်လိုက်ပါ
♨ Step-2 > Adf.ly မှာ"5sec" လောက်စောင့်ပေးပါ။
♨ Step-3 > " SKIP AD " ကိုနှိပ်ပေးပါ။
♨ Step-4 > Download Link ကျလာပါလိမ့်မယ်။
✉ All My Friends အဆင်ပြေကြပါစေဗျာ...
Friday, 21 November 2014
Message ​တွေကို Auto Reply လုပ်​​ပေးမယ့်​ IM+.Apk
ဝင်လာသမျှ ​Message ​တွေကို Auto Reply ​ပေးနိုင်​တဲ့ IM + .apk ပါ... Cb မှာ ​တောင်းဆိုမှုများလာလို့တင်​​ပေးလိုက်​ပါတယ်​. ဒီ apk ​လေးကကြာပါပြီ... ဒီ apk ​လေးက​တော့ Skype,Facebook,ICQ,Yahoo,Google talk,Beep အစရှိတဲ့ configure ​တွေမှာ IM+ က​နေ login ၀င်​ထားလိုက်​တာနဲ့ ကိုယ်​မှာကြားထားခဲ့တဲ့ message ကို Auto Reply လုပ်​သွားမှာဖြစ်​ပါတယ်​...
ဒီ apk ​လေးက auto reply ပြုလုပ်​​ပေးယုံတင်​မကပါဘူး. Facebook ​ပေါ်မှာရှိတဲ့ ကိုယ့်​ရဲ့ friends ​တွေကို အတိကျ ​ပေါ်ပြ​ပေးပါတယ်​. Online ​ပေါ်ရှိ​နေတဲ့သူ Offline ဖြစ်​​နေသူများကိုလဲ ခွဲခြားကြည့်​ရှုနိုင်​ပါတယ်​. ကိုယ့်​ facebook account ထဲမှာ facebook user ​တွေဘယ်​နှ​ယောက်​ရှိလဲဆိုတာကိုလဲသိနိုင်​ပါတယ်​.
အသုံးပြုနည်း>>>
IM+.APK ကို install လုပ်​ပြီး open လုပ်​လိုက်​ပါ.>>ကိုယ်​အသုံးပြုမယ့်​ configure account ကို select လုပ်​ပြီး login ၀င်​လိုက်​ပါ.>> ပြီးရင်​ phone မှာပါတဲ့ menu key ကို တချက်​နှိပ်​လိုက်​ပြီး settings ထဲသို့ဝင်​ပါ.>> Push settings ထဲကိုတဆင့်​ပြန်​သွားပါ.>> Autoreply ကိုအမှန်​ခြစ်​ခြစ်​​ပေးလိုက်​ပါ.>> message မှာ နဂိုက​ရေးထားတဲ့ စာ​တွေကိုဖျက်​ပြီး ကိုယ်​မှာကြားချင်​တဲ့ စာများကို​ရေးခဲ့ပါ.>> ဒါဆိုရင်​ပြီးသွားပါပြီ... ကိုယ်​၀င်​ထားတဲ့ configure account ​တွေမှာ message ​တွေကို IM+ မှ auto reply ပြုလုပ်​​ပေး​နေမှာဖြစ်​ပါတယ်​.
အားလုံးအဆင်​​ပြေကြပါ​စေ...
Sunday, 16 November 2014
ဖုန်း​ဘေမရှိတဲ့ Data SIM Card ကို အင်​တာနက်​ Free အသုံးပြုနိုင်​တဲ့ YOUR FREEDOM.apk
Internet connection ကို Free သုံးလို့ရတဲ့ Your Freedom.apk ​လေးပါ။ ကျ​နော့်​မှာရှိ​နေတာကြာပါပြီ။ မစမ်းဖြစ်​တာကတ​ကြောင်း မအားတာကတ​ကြောင်း ဒီ apk ​လေးရဲ့အ​ကြောင်းကိုမသိခဲ့တာပါ။ ခု​တော့ အကြံကုန်​ ဂဠုန်​ဆားချက်​ဆိုတဲ့အတိုင်း ဖုန်း​ဘေမရှိ​တော့တာနဲ့ ဒီ apk ​လေးစတင်​အသုံးပြုလိုက်​တာ ခုမှ​ကောင်းမှန်​သိ​တော့တယ်​ဗျာ။ တကယ်​ကိုအသုံးဝင်​ပါတယ်​။ ကျ​နော်​ ဒီpost နှင့် ဒီ​apk upload တင်​တာကို Your Freedom သုံးပြီးတင်​ထားတာပါ။ download/upload အကုန်​လုပ်​လို့ရပါတယ်​။ ကျ​နော့်​ SIM Card ထဲမှာ ပိုက်​ဆံတစ်​ပြားမှထည့်​မထားပါဘူး။ 0 kyats ပါ။ Ooredoo data card နဲ့သုံးပါတယ်​။ ယုံတမ်းစကား​ပြောတာလည်းမဟုတ်​ပါဘူး။ ကျ​နော်​တို့သူငယ်​ချင်းတ​တွေက​တော့ free သုံး​နေကြပါပြီ။ ခုဒီ post ကိုဖတ်​ပြီး သုံးလို့အဆင်​​ပြေသွားတဲ့သူ​တွေက​တော့ယုံကြမှာပါ။ သုံးလို့အဆင်​မ​ပြေ​သေးတဲ့သူများက​တော့ ဆက်​ပြီးကြိုးစားကြည့်​ကြပါ။ ဒီ Apk ကို​ရေးထားတဲ့ဆရာကြီးကို ဂုဏ်​ယူပြီး​ကျေးဇူးတင်​ပါတယ်​။ ပြီး​တော့ ကျ​နော့်​သူငယ်​ချင်း ya kout ကိုလဲ​ကျေးဇူးတင်​ပါတယ်​။ သူ့​ကြောင့်​ ဒီ post ကို ​ရေးပြီး အားလုံးကို ပြန်​လည်​မျှ​ဝေ​ပေးဖြစ်​သွားတာပါ။ သိပြီးသားသူများက​တော့​ကျော်​သွားပါ။ မသိ​သေးတဲ့သူများ​က​တော့ ဒီpost ကို ​​သေချာဖတ်​ပြီး လုပ်​ကြည့်​ကြပါ။ အသုံးပြုနည်းများကို ​အောက်​မှာပုံနှင့်​တကွ ရှင်းပြ​ပေးထားပါတယ်​။ Apk ကိုလည်း download လုပ်​ယူနိုင်​ပါတယ်​။
အသုံးပြုနည်း >>>>>
>> Apk ကို Download ယူပြီး Install လုပ်​လိုက်​ပါ။ ပြီးရင်​ ဖွင့်​လိုက်​ပါ။ ​ငွေလုံးဝမရှိတဲ့ data card မှ internet ကိုဖွင့်ထားပါ။ အောက်​မှာပြထားတဲ့ပုံအတိုင်း​ပေါ်လာရင်​ configure ကိုနှိပ်​လိုက်​ပါ။ 
>> ပြီးရင်​ General settings >>> language,( system default ) ​နေရာမှာ Burmese လို့သတ်​မှတ်​​ပေးလိုက်​ပါ။ 
>> ပြီးရင်​ apkကို back key နဲ့အားလုံးပြန်​ထွက်​ပြီး ပြန်​ဝင်​လိုက်​ပါ။ ​အောက်​ကပုံအတိုင်း မြန်​မာ language နဲ့မြင်​​တွေ့ရမှာဖြစ်​ပါတယ်​။ (ပြင်​ဆင်​မှုပြုလုပ်​ရန်​) ကိုနှိပ်​ပါ။ 
>> (ဖရီးဒမ်းအ​ကြောင်း) သို့ဝင်​ပါ။ 
>> တက်​လာတဲ့ list ကိုအ​ပေါ်သို့တွန်းလိုက်​ပါ။ >>> (မသိပါကတဆင့်​ချင်းဆီလုပ်​ရန်​) ကိုနှိပ်​ပါ။
>> (ကြိုဆိုပါတယ်​) လို့ပြလာရင်​ အ​ပေါ်က မြှား​လေးကိုနှိပ်​ပြီး ​ရှေ့ကိုပြထားသည့်​မြှားကုန်​တဲ့အထိဆက်​သွားပါ။ 
>> (ဖရီဒမ်းဆာဗာများရှာ​ဖွေခြင်း) များအလုပ်​လုပ်​​နေပါလိမ့်​မယ်​။ ​စောင့်​​ပေးပါ။ 
>> (ရှာ​တွေ့​သောဖရီးဒမ်​ဆာများ) တက်​လာတဲ့အထဲမှ လိုင်းအ​ကောင်းဆုံး ကို​ရွေး​ပေးပြီး အ​ပေါ်ကမြှား​လေးနဲ့ဆက်​သွားပါ။ 
>> (ဂုဏ်​ယူပါသည်​) လို့​ပေါ်လာခဲ့ရင်​ အမှန်​ခြစ်​​လေးကိုနှိပ်​လိုက်​ပြီး home key နဲ့ထွက်​လိုက်​ပါ။
>> noti bar ​ပေါ်မှာတက်​​နေတဲ့ ပိတ်​​နေတဲ့တံခါး​လေးကိုဆွဲချပြီး ဖွင့်​လိုက်​ပါ။>>> ပြီးရင်​ (စတင်​ဆက်​သွယ်​ရန်​) ကိုနှိပ်​ပြီး​စောင့်​​နေပါ။ 
>> noti bar ​ပေါ်မှာ ​​အောက်​မှာပြထားသည့်​အတိုင်း သော့ပုံ​လေးတက်​လာပြီး တံခါး​လေးပွင့်​သွားရင်​ အင်​တာနက်​ကို စတင်​အသုံးပြုနိုင်​ပါပြီ...
မှတ်​ချက်​။ ။ ကျ​နော်​တခုစိတ်​ပူမိလို့ပါ.... ကျ​နော့်​အ​တွေး​ပေါ့..... ဟုတ်​ချင်​မှလဲဟုတ်​မှာပါ။ ဒီ apk ကိုအသုံးပြုတာဟာ internet location ကတခြားနိုင်​ငံ​တွေမှာ​ရောက်​သွားတဲ့အတွက်​​ကြောင့်​ Facebook အသုံးပြုတဲ့အခါမှာ Facebook lock ကျသွားခဲ့မယ်ဆို​ရင်​ ကျ​နော်​ကိုအပြစ်​မတင်​ပါကြပါနဲ့။ facebook account ​တွေဟာ vpn ​ကျော်​လိုက်​ရင်​ lock ကျတက်​ပါတယ်​....
အားလုံးအဆင်​​ပြေကြပါ​စေ.. ..
Saturday, 15 November 2014
♨APK Editor Pro.apk♨
APK Editor Pro ​လေးပါ...play store မှာဆိုရင်​ $ န့ဲ ပေးဝယ်​ရပါတယ်​... search box က​နေရှာဖို့ကလဲမလွယ်​ပါဘူး...အခက်​ခဲရှိသူ​တွေနှင့်​အကူညီ​တောင်းထား​သောfriendများအတွက်​တင်​​ပေးလိုက်​တာပါ။ လိုအပ်​သူများ download လုပ်​ယူနိုင်​ပါတယ်​...
အသုံးပြုနည်း​တွေပါရှင်းပြ​ပေးပါ့မယ်​...
Apk Editor pro က apk ​တော်​​တော်​များများကို Support ​ပေးပါတယ်​...
သူ့ရဲ့လုပ်​​ဆောင်​မှုများက​တော့ >>> apk label များကို မြန်​မာမှုပြန်​​ရေးနိုင်​ခြင်း၊ Icon များ​ပြောင်းလဲ​ပေးနိုင်​ခြင်းတို့ကို ပြုလုပ်​နိုင်​မှာဖြစ်​ပါတယ်​။
အသုံးပြုပုံ >>>
1. Apk Editor Pro ကိုဖွင့်​လိုက်​ပါ >>> Select an Apk File ဆိုတာ​လေးကိုနှိပ်​၀င်​လိုက်​ပါ >>> အထဲကို​ရောက်​သွားရင်​ ကိုယ်​ပြုပြင်​​ပေးမယ့်​ apk ကို လိုက်​ရှာပြီးဖွင့်​လိုက်​ပါ။
2. String ဆိုတဲ့မူလ​နေရာမှာ​ပေါ်​နေတဲ့ app name label တို့မှာ မြန်​မာမှုပြန်​လည်​​ရေးသားရမှာပါ...
3.Resource ထဲကိုဝင်​လိုက်​ရင် >>> drawable ​တွေထဲမှာ Icon များကို​ပြောင်းလဲ​နိုင်​မှာဖြစ်​ပါတယ်​။ Icon ​ပြောင်းဖို့ရာအတွက်​ ကိုယ့်​ဖုန်းထဲမှာ ရှိ​နေတဲ့ပုံတွေက png အမျိုးစားဖြစ်​​နေရမှာပါ... jpg နဲ့မရပါဘူး...
4. Icon ​ပြောင်းမယ်​ဆိုရင်​ ကိုယ်​​ပြောင်းမယ့်​ icon ​ပေါ်ကို တချက်​ကလစ်​လိုက်​ပါ. folder ​တွေ​ပေါ်လာရင်​ ကိုယ်​​ပြောင်းချင်​တဲ့ ပုံကိုသိမ်းထားတဲ့​နေရာမှပုံများထဲကတပုံကို​ရွေး​ပေးလိုက်​ပါ။
5.အားလုံးပြီးသွားလို့ ပြန်​ထွက်​တာပဲဖြစ်​ဖြစ်​ icon ချိန်းဖို့ရာအတွက်​icon ​တွေကိုလိုက်​ရှာရတာပဲဖြစ်​ဖြစ်​ back လုပ်​မယ်​ဆိုရင်​ ဖုန်းမှာပါတဲ့ back key နဲ့ပြန်​မထွက်​ပါနဲ့ ... folder တခုကိုဝင်​လိုက်​ရင်​ back လုပ်​ဖို့ရာအတွက်​ အ​ပေါ်ဆုံးမှာ ပါပါတယ်​...အဲ့ဒါ​လေးနဲ့ back လုပ်​ပါ.. သတိပြုရမှာဖြစ်​ပါတယ်​ ဖုန်းက back key နဲ့ပြန်​ထွက်​လိုက်​ရင်​ အကုန်​ပြန်​ထွက်​သွားမှာပါ။
6. စိတ်​ကြိုက်​အားလုံးပြင်​ဆင်​​ရေးသားပြုစုပြီးသွားပြီဆိုရင်​​တော့ Save လုပ်​လိုက်​ပါ။ ​အောက်​မှာပြထားတဲ့ပုံ​လေးအတိုင်းအမှန်​ခြစ်​​လေးပြပြီးပြီးဆုံးသွားရင်​​တော့ ကိုယ်​ပြန်​ပြီး​ရေးသားလိုက်​တဲ့ apk ကို Apk Editor Pro က support ​ပေးလို့ဆိုတာ​သေချာသွားပါပြီ။ save လုပ်​လိုက်​တဲ့ apk ကို install လုပ်​လိုက်​တာနဲ့ ကိုယ်​ပြင်​ပြီး​ရေးသားထားတဲ့အတိုင်းမြင်​​တွေ့ရမှာဖြစ်​ပါတယ်​။
အားလုံးအဆင်​​ပြေကြပါ​စေ....
Thursday, 13 November 2014
အ​ဟောင်း​တွေကို တဖန်​ဆန်းသစ်​​စေဖို့ Chime Time.apk
ကိုယ့်​ရဲ့ဖုန်းထဲမှာ နာရီထိုးတိုင်း ဒင်​​ဒေါင်​.ဒင်​​ဒေါင်​ မြည်​​နေ​စေဖို့ 
ဒီ apk ​လေးကို downloadလုပ်​ပြီး Run ထားကြပါ​နော်​....
သိပြီးသား ရှိပြီးသားသူများက​တော့ ​ကျော်​သွား​ပေါ့ဗျာ...
KK Launcher.Apk အလန်းစား​လေး
KK launcher အမိုက်​စား​လေးပါ... Galaxy Theme ​လေးပါတဲ့အတွက်​ ကိုယ့်​ရဲ့ဖုန်းက Samsung မဟုတ်​​ပေမယ့်​ Samsung phone ​လေးအတိုင်းအမြင်​ဆန်းပြီး User ​တွေစိတ်​ကြိုက်​အသုံးပြုလို့ရပါတယ်​...KK launcher ရဲ့လုပ်​​ဆောင်​ချက်​​တွေကလဲ မနည်းလှပါဘူး။
စိတ်​ဝင်​စားသူများ download လုပ်​ကြ​တော့ဗျာ။ အထဲမှာပါတဲ့ လုပ်​​ဆောင်​ချက်​​တွေကို​တော့ အ​ပေါ်ရန်​ရှင်းပြ​ပေးခဲ့မယ်​။ 
လုပ်​​ဆောင်​ချက်​များ>>> 
1. Common က​တော့ launcher style ​တွေကို​ရွေး​ပေးလို့ရပါတယ်။ ပြီး​တော့ Security & Privacy က​တော့ ကိုယ့်​အတွက်​အ​ရေးကြီးတဲ့ app ​တွေနှင့် တခြားသူမမြင်​​အောင်​ hidden လုပ်​ထားတဲ့ app ​တွေကို patten lock ချထားလို့ရပါတယ်​။ 
2. Desktop က​တော့ phone desktop ​ပေါ်မှာ​ပေါ်​နေတဲ့ icon, widget, label ​တွေကို ချိန်​ညှိခြင်း color ​ပြောင်းခြင်း Transition effect ​ပြောင်းခြင်း status bar ထည့်​ခြင်း များပြုလုပ်​နိုင်​ပါတယ်​။ lock desktop မှာ အမှန်​ခြစ်​​လေး​​ပေးထားမယ်​ဆိုရင်​ phone screen ​ပေါ်မှာတင်​ထားတဲ့ ကိုယ့်​ရဲ့စိတ်​ကြိုက်​ widget​တွေ app shortcut ​တွေကို remove လုပ်​မရခြင်း အသစ်​ထည့်​မရခြင်းများပြုလုပ်​လို့မရ​အောင်​ lock ချထားလို့ရတဲ့လုပ်​​ဆောင်​ချက်​​လေးဖြစ်​ပါတယ်​။
3. Drawer က​တော့ Apps in drawer ထဲမှ icon,label ​တွေကို ချိန်​ညှိခြင်း color ​ပြောင်းခြင်း Transition effect ​ပြောင်းခြင်းများ drawer style ​ပြောင်းခြင်းများပြုလုပ်​နိုင်ပါတယ်​။
4. Dock က​တော့ ​ထွေ​ထွေထူးထူး​ပြောင်းလဲမှုမရှိပါဘူး။
5. Sidebar က​တော့ ဘယ်​ဘက်​အစွန်​​အောက်​နား လက်သည်းခွံလိုပုံစံအဖြူရိပ်ေ​​​လးက​နေ ဆွဲလိုက်​ရင်​ ​ပေါ်လာတဲ့ settings ​လေးကို background color ချိန်​ညှိ​ပေးလို့ရပါတယ်​။
6. Folder က​တော့ folder preview style , background color, icon များကိုချိန်​ညှိခြင်း app icon label color ​ပြောင်းခြင်းများပြုလုပ်​နိုင်​ပါတယ်​။
7. Theme & UI က​တော့ icon theme ​တွေ animation speed ​တွေ စတဲ့ systems ​တွေကို ချိန်​ညှိခြင်း UI မှာ font ​တွေကို စိတ်​ကြိုက်​​ပြောင်းထားနိုင်​ခြင်းများပြုလုပ်နိုင်​ပါတယ်​။ 8. Unread Counts က​တော့ တဖက်​ဖက်​မှတင်​ပြချက်​​တွေကို မဖတ်​ရ​သေးပါက/မသိလိုက်​ပါက ပြန်​လည်​သတိ​ပေးတဲ့လုပ်​​ဆောင်​ချက်​ဖြစ်​ပါတယ်​။
9. Gestures & Buttons က​တော့ phone desktop အလွတ်​တ​နေရာကို လက်​နဲ့ tap လုပ်​လိုက်​တာမျိုးတို့ အ​ပေါ်​အောက်​ဆွဲလိုက်​တာမျိုးတို့မှာ ကိုယ်​ Run ​စေချင်​တဲ့ app ကို သတ်​မှတ်​​ပေးပြီးလုပ်​​ဆောင်​ရမယ့်​ လုပ်​​ဆောင်​ချက်​​လေးဖြစ်​ပါတယ်​။ ဥပမာ phone ရဲ့ screen ​ပေါ်ကို လက်​နဲ့ 2ချက်​​တောက်​​လိုက်​လို့ ပါဝါပိတ်​သွား​အောင်​ကိုယ်​ကလုပ်​ချင်​ရင်​ desktop double tap မှာ screen off software ​လေးကို သတ်​မှတ်​​ပေးထားရမှာပါ။ screen ​ပေါ်မှာ လက်​တ​ချောင်းကို ​အောက်​ကိုဆွဲပြီး facebook ဖွင့်​ချင်​ရင်​ swipe down မှာ facebook apk ကို သတ်​မှတ်​​ပေးထားရမှာဖြစ်​ပါတယ်​။ ပြီး​တော့ home button to turn off screen မှာ အမှန်​ခြစ်​​လေး​ပေးထားရင်​ phone ရဲ့ home key ကို တချက်​နှိပ်​လိုက်​တာနဲ့ screen off ဖြစ်​သွားမှာဖြစ်​ပါတယ်​။
10. Advanced က​တော့ launcher ကို ကိုယ်​ပြင်ဆင်ပြီး​​သတ်​မှတ်​ထားတဲ့အရာအားလုံးကို နဂိုမူလအတိုင်းပြန်​ဖြစ်​​အောင်​ reset ပြန်​လုပ်​နိုင်​ခြင်း၊ launcher မှ ပြန်​ထွက်​ခြင်း၊ ကိုယ်​ပြင်​ဆင်​ထားတဲ့ desktop setting ​တွေ dock shortcut ​တွေ ကို backup and restore ပြုလုပ်​နိုင်​မှာဖြစ်​ပါတယ်​။ 
ကျ​နော်​​ဖော်​ပြ​ပေးထားတာထက်​မက လုပ်​​ဆောင်​ချက်​​တွေအများကြီးပါပါတယ်​... down ပြီးမှသာ ကလိလိုက်​ကြ​တော့​နော်​။
အားလုံးအဆင်​​ပြေကြပါ​စေ.....
Monday, 3 November 2014
Facebook (V21 . 0 . 0 . 4 . 12)
Facebook new version 21.0.0.4.12  ​လေးပါ
ကျ​နော်​လဲခုတ​လောမအားလို့ post ​တွေမတင်​ဖြစ်​​သေးဘူးဗျာ. ​မွေး​နေ့ကလဲ​ရောက်​​တော့မယ်​. ယခု facebook new version ​လေးထွက်​တာက 2014.10.28 ရက်​​နေ့ကထွက်​ရှိထားတာပါ. ကျ​နော်​တင်​​ပေးတာ​နောက်​ကျသွားတယ်​​ဗျာ. မDown ​ရ​သေးသူများ Down ထားလိုက်​ကျ​တော့​နော်​..
Facebook V21.0.0.4.12 DOWNLOAD
Saturday, 1 November 2014
MPT,MEC,OOREDOO,TELENORဖုန်းဝင်ဆောင်မှုများ.APK
mpt,mec,ooredoo,telenor SIM Card များ၏ဖုန်းဝန်ဆောင်မှုများကို ဒီapkလေးထဲမှာတင်အားလုံးအသုံးပြုနိုင်မှာဖြစ်ပါတယ်
Wednesday, 29 October 2014
စာပေချစ်သူများအတွက် အထွေထွေ E-Books များ...
နည်းပညာဆိုင်ရာ စာအုပ်များ
Computer windows များအ​ကြောင်းများ
သိပ္ပံ နှင့်​ နည်းပညာဗဟုသုတများ
ဒီဇိုင်းဆွဲတာ ၀ါသနာပါသူအတွက် Photoshop ကိုသုံး၍ ရေးဆွဲနည်းစာအုပ်များ
ဗီဒီယို တည်းဖြတ်တာ ၀ါသနာပါသူအတွက် Cyberlink Power Director ဖြင့် တည်းဖြတ်နည်းများ
ဓါတ်ပုံတစ်ပုံကို ဖွဲ့စည်းရာတွင် အလွန်အရေးပါသည့် အချက်များ
ကိန်းဂဏန်းပညာပြကွက်ဆန်းများ
ဖဲမျက်လှည့်ပြသနည်းများ (စက္ကောမ)
မျက်လှည့်ပြသနည်းပေါင်း 100 (စက္ကောမ)
ကျန်းမာရေးဗဟုသုတများ
ဆရာဝန်များညွှန်ပြသည့်အိမ်တွင်းဆေးကုသနည်းများ
တရုတ်ကျေးလက်ဓာတ်စာကုထုံးများ
ရာသီမလာခင် လူသတ်ချင်နှင့် ရွှေမင်းသမီးတို့ရဲ့ စပ်စပ်စုစုမေးခွန်းများ
သံစဉ်ရှာ သီချင်းရေးသူ သီဆိုသူ ဂီတသမားများအတွက် စာအုပ်
သီချင်းဆိုနည်းစာအုပ်
စိုက်ပျိုးရေး - မှိုစိုက်နည်းအဆင့်ဆင့်များ
စီးပွားဖြစ်-သစ်မွှေးပင်-စိုက်ပျိုးရေးများ
ဥယျာဉ်ခြံမြေစိုက်ပျိုးနည်းများ
အမျိုးသား အမျိုးသမီး ကိုယ်ကာယအလှ လေ့ကျင့်ခန်းစာအုပ်များ
ဝတ္တုစာအုပ်​များ
ဘာသာပြန်စာအုပ်များ
သမိုင်းစာအုပ်များ
မြန်မာစွယ်စုံကျမ်း၊စာပေကျမ်း၊စာတမ်း၊ကျောက်စာစာအုပ်များ
စာပေဟောပြောပွဲ mp3 ဖိုင်အပုဒ်( ၁၀၀ကျော် )
အထွေထွေသုတစာအုပ်များ
ဖက်ရှင်ဒီဇိုင်းစာအုပ်များ
လှို့ဝှက်သဲဖို၊စုံထောက်စာအုပ်များ
ဘာသာစကားဆိုင်ရာ စာအုပ်များ
ဗေဒင် (၈ အုပ်)
ကျန်းမာရေးစာအုပ်များ
သိုင်းဝတ္ထုများ
ဥပဒေဆိုင်ရာ စာအုပ်များ
တောတွင်း-မုဆိုး-စွန့်စားခန်းစာအုပ်များ
စီးပွားရေး စာအုပ်များ
မျက်လှည့် စာအုပ်များ
ကာတွန်းစာအုပ်များ
နိုင်ငံရေးစာအုပ်များ
နည်းပညာစာအုပ်များ
ကဗျာ စာအုပ်များ
အထ္တုပ္ပတိစာအုပ်များ
ဂီတဆိုင်ရာ စာအုပ်များ
တိုးတက်ရေး၊အတွေးအမြင်၊ရသစာအုပ်များ
ဂမ္ဘီရ၊ဆန်းကြယ်၊အံ့ဖွယ်စာအုပ်များ
ဘာသာရေးနှင့်ဓမ္မရသစာအုပ်များ
ဟင်းချက်နည်းစာအုပ်များ
------------------------------------------- အစရှိသည့်​ စာအုပ်များကို ​သုတ ရသ စုံလင်​စွာဖတ်​ရှုနိုင်​ရန်​အတွက်
ngazunmobile မှ ညွန်းလိုက်​ပါရ​စေ... ကိုယ်​နဲ့ပတ်​သတ်​သည့်​စာအုပ်​များ နည်းပညာများ
စာအုပ်​ pdf file များနှင့်​ mp3 များကို ၀င်​​ရောက်​​လေ့လာဖတ်​ရှု download ရယူရန်​အတွက်​  ✉ ဒီမှာ ✉ဝင်​ပြီး​လေ့လာဖတ်​ရှု download သိမ်းထားနိုင်​ပါတယ်​ခဗျာ...
အားလုံးအဆင်​​ပြေကြပါ​စေ 
Tuesday, 28 October 2014
Samsung Galaxy Ace Plus (GT-S7500) Root လုပ်နည်း
လိုအပ်တဲ့ File တွေကို Download လုပ်ပြီး SD Card ကို Format ရိုက်ထားပါ။ ဖုန်းမှာ Battery 50% လိုအပ်ပါတယ်။ ပြီးရင် Settings > Applications > Development > USB debugging ကို On ထားပါ။
Rooting_SGAP.zip ကို SD Card ထဲ ထည့်ပြီး ဖုန်းကို ပါဝါပိတ်ပါ။
Download Mode ကိုဝင်ရန် (Vol Down+Home+Power) ကို တွဲနှိပ်ထားပါ။
Download Mode မြင်ရပြီဆိုရင် Odin Software ကို Run ပါ။
USB Cable ကို အသုံးပြု၍ ဖုန်းနှင့် Computer ကို ချိတ်ဆက်ပါ။
ID:COM Box မှာ အရောင်းသမ်းလာရင် PDA ဆိုတဲ့ Button ကိုနှိပ်ပြီး Download လုပ်ထားတဲ့ wm-trebon.tar.md5 ကို ရွေးပေးပါ။
အားလုံး အဆင်သင့်ဖြစ်ပြီဆိုရင် Start ကိုနှိပ်လိုက်ပါ။
Recovery Flash လုပ်ချိန် ခဏစောင့်ပြီး ID:COM Box မှာ Pass ပြရင် ဖုန်းက အလိုလျောက် Reboot ဖြစ်သွားပါလိမ့်မယ်။
Recovery Mode ၀င်ရန် (Volume Up+ Home + Power) ခလုတ်သုံးခုကို တစ်ပြိုင်တည်း နှိပ်ပါ။ Recovery Mode ရောက်ရင် Install Zip From Externel SD Card မှတဆင့် Rooting_SGAP.zip ကို ရွေးပေးပါ။ Install လုပ်ပြီးရင် Back Key နဲ့ထွက်ပြီး Reboot System Now ကို ရွေးပေးလိုက်ပါ။ ဒါဆိုရင် Ok ပြီဗျာ.....
Credit by:မိုဘိုင်းလ်​​ကော်​နာ
Samsung Galaxy Ace GT-S5830i v.2.3.6 root လုပ်နည်း
Samsung Galaxy Ace GT-S5830i v.2.3.6 root လုပ်နည်းလေးပါ။
ပထမ Samsung Galaxy Ace GT-S5830 v.2.3.3 root လုပ်နည်းအတိုင်း လုပ်ရမှာပါ။ဒါပေမဲ့ 2.3.3 က root.zip ကို Samsung Galaxy Ace GT-S5830i 2.3.6 မှ root လုပ်လို့မရတော့ပါဘူး သူအတွက် ROOT-S5830i.zipကို အောက်မှာဒေါင်းယူနိုင်ပါတယ်။
ဒေါင်းလုပ် လုပ်ထားသောဖိုင်ကို Rename ပြန်ေ​ပြာင်းပါ။
ROOT-S5830i လို့​ပြောင်းပါ။
၁. ဖုန်းကဲ့ sd ကဒ်ထဲကို ROOT-S5830i.zipထည့်ပါ။
2. phone ရဲ့ setting>applications>Unknown sources ရဲ့ အမှတ်ကိုဖြုတ်ပါ။
3 phone ရဲ့ setting>applications>Development>usb debugging ရဲ့ အမှန်ကိုလည်း ဖြုတ်ပါ။
ပြီးရင် ဖုန်းကို ပါဝါပိတ်လိုက်ပါ။
4. ဖုန်းရဲ့ recorver mode ကိုဝင်ရန်အတွက် volume up+ home+ power သုံးခုလုံးကို ဖိထားပါ။ samsung logo ပေါ်လာပြီးပျောက်သွားပါလိမ့်မယ် ဖိထားတဲ့ခလုပ်တွေ ကို မလွတ်ပါနဲ့ ဆက်ဖိထားပါ ဘာမှ ပေါ်လာမှာ မဟုတ်ဘူး နဲနဲ လေးကြာသွားရင် ခလုပ်အားလုံးကို လွတ်ပြီး ဖုန်းကို ချထားလိုက်ပါ။ ခဏကြာရင် recover mode တတ်လာပါလိမ့်မယ်။
 မှတ်ချက်    အပေါ်အောက်ရွေ့ရန်အတွက် volume up နဲ့ volume dowm ကိုသုံးပါ့မယ်။
5. choose zip from sdcard ဆိုတာကိုရွေးပြီး home ကီးကိုနှိပ်ပါ။
6. မိမိထည့်ထားသော ROOT-S5830i.zip ဖိုင်ကိုေ၇ွးပြီး home ကီးကို နှိပ်လိုက်ပါ။
အားလုံးပြီးသွားရင် ဖုန်းကို reboot ချလိုက်ပါ။ ဖုန်းပြန်တတ်လာရင် root လုပ်မှုပြီးဆုံးပါပြီ။ သူငယ်ချင်းတွေ ရဲ့ဖုန်းထဲမှာ superuser ဆိုတဲ့ အရိုးခေါင်းလေး ပေါ်နေတာကို တွေ့ပါလိမ့်မယ် ကျေးဇူးတင်ပါတယ်။ သူငယ်ချင်းအားလုံး အဆင်ပြေကြပါစေ။
Credit by: Androidလုလင်
Saturday, 25 October 2014
Computer မှာ Zapya အသုံးပြုသူများအတွက်​ Zypya English ✌ PC For : Zapya
English language နဲ့ဆို​တော့ အသုံးပြုနည်း​တွေက​တော့ရှင်းပြစရာမလို​လောက်​​တော့ပါဘူး...
Friday, 24 October 2014
Facebook new version 20_0_0_20_15
အသစ်​ထွက်​လာပြန်​ပြီ​နော်​ Facebook new version. 20_0_0_20_15
Computer မှာ driver မသိ​သေးတဲ့ G730-U30 တို့ Y610-U00 တို့ကို Vroot 1 7 9 မှာ device သိ​အောင်​လုပ်​ပြီး Root ​ဖောက်​နည်း...
Root မလုပ်​မှီ phone ​ကို​ရော computer ကို​ရော Restart လုပ်​ထားမယ်​။ ပြီးရင်​ Computer မှာ Vroot ကိုဖွင့်​ထားပါ။ phone သို့ USB ကြိုးမတပ်​ပါနဲ့အုံး။ phone settings ထဲကိုဝင်​ပြီး Developer options>>>USB debugging ကို on✔ ထားမယ်​။ ပြီး​တော့ Security ထဲသို့သွားပြီး Unknown sources ကို on✔ ထားမယ်​။ အားလုံးပြီးပြီဆို phone ကို computer မှ USB ကြိုးထိုး​ပေးလိုက်​ပါ။ Vroot အလုပ်​လုပ်​​နေတဲ့အချိန်​ phone မှာ 
Allow USB debugging? ဆိုတဲ့​ခေါင်းစဉ်​နဲ့
The computer's RSA key 
fingerprint is:
AF:4B:______________________
______________
ဘာညာသာဓကာဆိုပြီး​ ​အောက်​မှာပြထားတဲ့ပုံအတိုင်း ပေါ်လာပါလိမ့်​မယ်​။
Always allow from this computer မှာ အမှန်​ခြစ်​​လေးခြစ်​​ပေးပြီး OK ​ပေးလိုက်​ပါ။
Vroot မှာ drivers သိ​ပါ​ကြောင်းပြလာပြီး Root လို့​ပေါ်လာရင်​​တော့ ​ဖောက်​ချပစ်​လိုက်​​တော့ ... 
ROOT အမှန်​ခြစ်​ပြသွားရင်​ You OK သွားပြီ​ပေါ..့
ကျ​နော်​ဒီနည်း​လေးတိုင်းလုပ်​​နေတာ အားလုံးလိုလိုအဆင်​​ပြေ​နေပါတယ်​။ သိပြီးသားသူများလည်းလိုအပ်​တာများရှိရင်​ ဖြည့်​စွပ်​မှာကြားသွားနိုင်​ပါတယ်​။ ကျ​နော်​သိသမျှနည်းပညာ​လေး​တွေကို မျှ​ဝေ​နေခြင်းပါ။
အားလုံးအဆင်​​ပြေကြပါ​စေ.. ..
✌ Like page ထဲသို့ဝင်​​ရောက်​ကြည့်​ရှုရန်
Thursday, 23 October 2014
Phone ထဲမှာ Root Explorer သုံးပြီး System App ​တွေထည့်​ကြမယ်​...
လိုအပ်​ချက်​-ဖုန်းမှာ Root ရှိရပါမယ်​။ Root Explorer.apk လိုအပ်​ပါမယ်​။
Root Explorer.apk မရှိရင်​ ဒီမှာဝင်​ပြီး Down ပါ။
စလိုက်​ကြရ​အောင်​.. ..
၁။ System ထဲမှာအသုံးပြုမယ့်​ app ကို အရင်​တိုင်းပဲ ဖုန်းထဲမှာ install လုပ်​ထားလိုက်​ပါ။
၂။ Root explorer ကိုလည်းဖုန်းထဲမှာ install လုပ်​ပြီး ဖွင့်​ပါ။ root access ​တောင်းရင်​ Allow ​ရွေး​ပေးလိုက်​ပါ။
၃။ data ဆိုတဲ့ folder ကိုဖွင့်​ပြီး app folder ထဲကိုသွားပါ။ system မှာသုံးမယ့်​ app ကိုရှာပြီး အဲ့ဒီ app ကို ဖိထားပါ။ copy လုပ်​ခဲ့ပြီး backkey. နဲ့ ၂ချက်​ပြန်​ထွက်​ခဲ့ပါ။
၎။ ၂ချက်​ထွက်​ခဲ့ပြီး​ရောက်​တဲ့​နေရာမှ System ဆိုတဲ့ folder ကို ရှာပြီး System ထဲကိုဝင်ပါ​။ app folder ကိုဖွင့်​ပါ။ Mount R/W ​နေရာမှာ R/O လို့​ပြောင်းပါ။ ပြီးရင်​ Paste လုပ်​လိုက်​ပါ။
၅။ ဖုန်းကို Restart လုပ်​​ပေးလိုက်​ပါ။
Phone power ပြန်တက်လာရင် ​​​​စော​စောကသွင်းလိုက်​တဲ့ app ဟာ system appဖြစ်​သွားပါပြီ။ uninstall လုပ်​လို့မရ​တော့ပါဘူး။
သတိပြုရန်​- launcher များနဲ့ livewallpaper apkများကို system app အဖြစ်​မထည့်​သွင်းရန်​။တချို့ launcher များနဲ livewallpaper များသည်​သွင်းမရပဲ phoneကိုအန္တရာယ်​ဖြစ်​​စေနိုင်​ပါသည်​။ ​နောက်​တချက်​က​တော့ ကျန်​တဲ့​နေရာမှာအစိတ်​ပိုင်းများကို မသိပဲဝင်းပြီးမကလိ​ပါနဲ့ တခုခုဖြစ်​သွားခဲ့ရင်​ ​နောက်​ဆက်​တွဲပြဿနာကိုကျ​နော်​တာဝန်​မယူပါ။
အောက်​မှာ Screenshot ​ပြ​ပေးထားပါတယ်​ ကျ​နော်​သုံးတုန်းက Root explorer က versior အနိမ့်​နဲ့ပါ ခုအမြင့်​တင်​​ပေးထားပါတယ်​ပြထားတဲ့နည်း​တွေက​လည်း အသွားအလာတူညီပါတယ်​ မကွဲလွဲပါဘူး အမြင်​ပဲဆန်းသွားတာပါ