လိုအပ်ချက်-ဖုန်းမှာ Root ရှိရပါမယ်။ Root Explorer.apk လိုအပ်ပါမယ်။
Root Explorer.apk မရှိရင် ဒီမှာဝင်ပြီး Down ပါ။
စလိုက်ကြရအောင်.. ..
၁။ System ထဲမှာအသုံးပြုမယ့် app ကို အရင်တိုင်းပဲ ဖုန်းထဲမှာ install လုပ်ထားလိုက်ပါ။
၂။ Root explorer ကိုလည်းဖုန်းထဲမှာ install လုပ်ပြီး ဖွင့်ပါ။ root access တောင်းရင် Allow ရွေးပေးလိုက်ပါ။

၃။ data ဆိုတဲ့ folder ကိုဖွင့်ပြီး app folder ထဲကိုသွားပါ။ system မှာသုံးမယ့် app ကိုရှာပြီး အဲ့ဒီ app ကို ဖိထားပါ။ copy လုပ်ခဲ့ပြီး backkey. နဲ့ ၂ချက်ပြန်ထွက်ခဲ့ပါ။
၎။ ၂ချက်ထွက်ခဲ့ပြီးရောက်တဲ့နေရာမှ System ဆိုတဲ့ folder ကို ရှာပြီး System ထဲကိုဝင်ပါ။ app folder ကိုဖွင့်ပါ။ Mount R/W နေရာမှာ R/O လို့ပြောင်းပါ။ ပြီးရင် Paste လုပ်လိုက်ပါ။
၅။ ဖုန်းကို Restart လုပ်ပေးလိုက်ပါ။
Phone power ပြန်တက်လာရင် စောစောကသွင်းလိုက်တဲ့ app ဟာ system appဖြစ်သွားပါပြီ။ uninstall လုပ်လို့မရတော့ပါဘူး။
သတိပြုရန်- launcher များနဲ့ livewallpaper apkများကို system app အဖြစ်မထည့်သွင်းရန်။တချို့ launcher များနဲ livewallpaper များသည်သွင်းမရပဲ phoneကိုအန္တရာယ်ဖြစ်စေနိုင်ပါသည်။ နောက်တချက်ကတော့ ကျန်တဲ့နေရာမှာအစိတ်ပိုင်းများကို မသိပဲဝင်းပြီးမကလိပါနဲ့ တခုခုဖြစ်သွားခဲ့ရင် နောက်ဆက်တွဲပြဿနာကိုကျနော်တာဝန်မယူပါ။
အောက်မှာ Screenshot ပြပေးထားပါတယ် ကျနော်သုံးတုန်းက Root explorer က versior အနိမ့်နဲ့ပါ ခုအမြင့်တင်ပေးထားပါတယ်ပြထားတဲ့နည်းတွေကလည်း အသွားအလာတူညီပါတယ် မကွဲလွဲပါဘူး အမြင်ပဲဆန်းသွားတာပါ

0 comments:
Post a Comment
လိုအပ်တာများရှိရင် အောက်မှာ မှာကြားထားခဲ့ပါ