★မိတ်ဆွေ★ သင်လိုတာလေး Down ပြီးသွားရင် ကျွန်ုပ်ကို ကူညီပေးဖို့ မမေ့ပါနဲ့အုံးနော်...ဒီဘလော့လေးကို တခြားသူတွေလဲသိရှိစေရန်အတွက် post များကို ရှယ်ပေးခြင်းအားဖြင့်ပြန်လည်မျှဝေးပေးလိုက်ပါအုံးခင်ဗျ...

Wednesday, 1 October 2014

Phone နံပါတ်​​မလိုပဲ Facebook account အသစ်​ဖွင့်​နည်း



Group တွေထဲမှာ Facebook. အကောင့်အသစ်ဖွင့်နည်းတွေမေးမေးနေကြတာတွေ့လို့နောက်တချိန်ပြန်တင်ပေးခြင်းပါ။ ဒီ post ကိုဖတ်ပြီးသူများကျော်သွားလို့ရပါတယ်နော်...
Facebook အကောင့် အသစ်ဖွင့်တဲ့နည်းလမ်းတွေအများကြီးရှိပါတယ်။ခုရေးသားလိုက်တဲ့နည်းလေးကတော့ကျနော်ဖွင့်နေတဲ့နည်းလမ်းလေးပါ။
facebook account အသစ်ဖွင့်တော့မယ်ဆိုရင် အရင်ဆုံးလိုအပ်တာကတော့ mailအကောင့်ပါ။gmailအကြောင်းကိုပဲပြောပြပါ့မယ်။အရင်ဆုံး gmail အကောင့်ရဖို့ရာအတွက် ဖုန်းမှာ google serviceလုပ်ဖို့ပါပဲ။ ကျနော်တို့မြန်မာနိုင်ငံအတွက် Browser ထဲကနေ Gmail အကောင့်ဖွင့်ဖို့ရာ မလွယ်ကူပါဘူး။ဖုန်းနံပါတ်ထည့်ပေးတဲ့နေရာမှာအခက်ခဲလေးတွေရှိပါတယ်။အဲ့အတွက်ကြောင့် မိမိရဲ့ဖုန်းမှာ Google ဖောက်ဖို့ရာလိုအပ်ပါတယ်။google ဖောက်လိုက်တာနဲ့ ဖုန်းနံပါတ်ထည့်ပေးစရာမလိုတော့ပါဘူး။ကြိုက်သလောက် အကောင့်ကိုဖွင့်လို့ရပါပြီ။ ဖုန်းဝယ်စကတည်းကပါလာတဲ့ google service တွေရှိပါတယ်။ပါမလာတဲ့ဖုန်းများကတော့ GAPP software တွေနဲ့ phone version အလိုက် google ဖောက်ရမှာပါ။ဖုန်းမှာ google service ရသွားတာနဲ့ gmail,talk,play storeအစရှိတဲ့ appလေးတွေအသုံးပြုလို့ရပါပြီ။နောက်ထပ်လိုအပ်တာကတော့ VPN ကျော်ဖို့ရာအတွက် software လိုပါတယ်။facebook ထဲဝင်ဖို့ရာအတွက်မြန်မာနိုင်ငံရဲ့ location နဲ့ဝင်ဖို့ရာမလွယ်ပါဘူး။အဲ့အတွက်ကြောင့် vpn appကိုအသုံးပြုရပါမယ်။အခြားနိုင်ငံမှာရောက်နေတဲ့ဘော်ဘော်တို့ကတော့ vpn ကိုကျော်စရာမလိုတော့ပါဘူး။
အဆင့်၁အနေနဲ့ ဖုန်းမှာgoogle service ရတာနဲ့ Auto-Sync လေးကိုဖွင့်ထားပေးပါ။ပြီးရင် talk appလေးကိုဖွင့် လိုက်ပါ။အဲ့မှာ Existing ရယ် New ရယ် နှစ်ခု ပြပါ့လိမ့်မယ်။ New ကိုရွေးပေးလိုက်ပါ။ New ရွေးပြီးတာနဲ့Name တောင်းလာလိမ့်မယ်။ကိုယ်ပေးချင်တဲ့နာမည်ထည့်ပေးလိုက်ပါ။ ပြီးရင် gmail တောင်းမယ်။ ကိုယ်လုပ်ချင်တဲ့ gmail လိပ်စာကို ထည့်ပေးပါ။လိပ်စာတူရှိနေရင် သူကgmailလိပ်စာတမျိုးထပ်ပေးပါလိမ့်မယ်။ ကိုယ်မှတ်နိုင်မယ့် တခုကိုရွေးပေးပြီး Try Again နှိပ်ပေးလိုက်ပါ။>>> password ထည့်ပေးမယ်။>>> choose a security question နေရာမှာ first teacher's name? ကိုရွေးပေးပါ။ကြိုက်တာရွေးပေးလို့လဲရပါတယ်။>>> Answer နေရာမှာ ကိုယ်မှတ်မိနိုင်တဲ့ နာမည်တခုထည့်ပေးပါ။>>> Recovery email address နေရာမှာ ကိုယ်အရင်အသုံးပြုထားတဲ့ gmail ကိုထည့်ပေးပါ။မရှိရင် ကိုယ်နဲ့နီးစပ်တဲ့သူငယ်ချင်းတယောက်ရဲ့ gmail ကိုထည့်ပေးပါ။>>> Type the text you see here: မှာပြထားတဲ့စလိမ်ကိုဖြေပေးလိုက်ပါ။ gmail အကောင့်တခုရရှိပါလိမ့်မယ်။ လုပ်ဆောင်ချက်အောင်မြင်ပြီး လိုင်းကောင်းရင်တော့ အချိန်ခဏအတွင်း message သုံးစောင်ကျလာပါလိမ့်မယ်။
အဆင့်၂အနေနဲ့ VPN ကျော်ရမှာဖြစ်ပါတယ်။ VPN ကျော်ပြီးတာနဲ့ Facebook အကောင့်ဝင်ဖို့ စတင်ပါပြီ။facebook ထဲဝင်ဖို့ရာအတွက် နှစ်နည်းရှိပါတယ်။ Browser ထဲကဝင်နည်းရယ်၊ facebook app ကနေတိုက်ရိုက်ဝင်နည်းရယ် ၂မျိုးရှိပါတယ်။facebook app ကနေဝင်တဲ့နည်းလေးကိုပဲပြောပြပါ့မယ်။ လွယ်လည်းလွယ်ပါတယ်။
facebook ထဲစဝင်တော့မယ်ဆိုရင် facebook app လေးကိုအရင် clear data လုပ်ရပါ့မယ်။clear data လုပ်ဖို့ရာအတွက် phone settings >>>manage app >>>downloaded >>>facebook app >>>clear data လုပ်ခဲ့ပြီး Home အထိ ပြန်ထွက်ခဲ့ပါ။ ပြီးရင် facebook app ကို ဖွင့်ပါ။အရင်သုံးထားတဲ့gmail နဲ့စပွင့်လာရင် အဲ့gmail ကိုဖျက်လိုက်ပါ။ အောက်ဆုံးမှာပါတဲ့ sing up for facebook ဆိုတာလေးကို ၂ချက်၃ချက်လောက် ခက်မြန်မြန်လေးနှိပ်ပေးလိုက်ပါ။>>> Review Our Terms လို့ပေါ်လာရင် Ok လုပ်လိုက်ပါ။ Enter Your Email Addrees မှာ စောစောကလုပ်လိုက်တဲ့ gmail လိပ်စာကို မှန်ကန်စွာရေးထည့်ပေးပြီး Continue နှိပ်ပေးလိုက်ပါ။ >>>What's your name? နေရာမှာ facebook ပေါ်မှာပေးချင်တဲ့ နာမည်ရိုက်ထည့်ပေးပါ။>>> passwordကို ၁၂လုံးအထက် ထည့်ပေးပါ။>>> Birthday ထည့်ပေးပါ။>>>what's your gender? မှာ Female / Male ရွေးပေးလိုက်ပါ။ facebook login ဝင်သလို အဝိုင်းလေးလည်နေပါလိမ့်မယ်။>>> facebook ထဲကိုစရောက်သွားတာနဲ့ profile တို့ address တို့ find friends တို့ ပြပါလိမ့်မယ်။ ဖြည့်မပေးပဲ တခုချင်းကို Skip လုပ်ခဲ့လိုက်ပါ။>>> facebook wall ပေါ်ရောက်တာနဲ့ confirmation code ထည့်ပေးရန် ချိတ်ပိတ်စာအိပ်လေးရောက်လာပါလိမ့်မယ်။အဲ့တာလေးကို continue နှိပ်ပေးလိုက်ပါ။ sand code again လုပ်ပေးစရာမလိုတော့ပါဘူး။ gmail box ထဲမှာ အရံသင့်ရောက်နေပါပြီ။ Home key ကိုနှိပ်ပြီး codeကိုသွားကြည့်လိုက်ပါ။code ကိုမှတ်လာပြီး စောစောက facebook က confirmation code နေရာမှာ ထည့်ပေးပြီး continue နှိပ်ပေးလိုက်ရုံပါပဲ။ ဒီအဆင့်တွေပြီးသွားတာနဲ့ Vpnကျော်ခဲ့တာလေးကို ပိတ်ပေးလိုက်ပါ။ ပိတ်ပို့မေ့နေရင်တော့ နောက်အခါ ဒီအကောင့် ကို ဝင်သုံးချင်ရင်တော့ vpn ကြီးကို ဖွင့်ပြီးသုံးနေရတော့မှာပါ။ confirmation code ထည့်ပြီးရင်တော့ အကောင့်က 70% လောက်သေချာသွားပါပြီ။ find friends နေရာမှာ သူငယ်ချင်း 10ယောက်လောက် add မယ်။ profile တွေထည့် မယ်။ Address တွေထည့်မယ်။ ပြီးရင်  ခုဖွင့်ထားတဲ့အကောင့်လေးကို ၃ရက်လောက် logout မထွက်ပဲထားရမယ်။
ဟဲဟဲ...စာရေးတာနဲနဲရှည်သွားပြီ။အားလုံးနားလည်အောင်လို့ရေးသားထားတာပါ။ ပုံနှင့်တကွရှင်းပြထားတာမဟုတ်လို့ပါ။ တကယ်တမ်းအကောင့်တခုဖွင့်တော့မယ်ဆို ၁၀မိနစ်အတွင်း အကောင့်တခုရပါတယ်။
               အားလုံးအဆင်ပြေကြပါစေ။
posted by_MyoThet_Software & Application Downloads Page/Group>>>

0 comments:

Post a Comment

လိုအပ်တာများရှိရင် အောက်မှာ မှာကြားထားခဲ့ပါ