Software မလို ဖုန်းခေါ်သည့်နေရာမှ နံပါတ် 1 ကို ၂စက္ကန့်လောက်ဖိနှိပ်ထားပေးရုံဖြင့် ဖုန်းငွေလက်ကျန်စစ်ဆေးလို့ရပါတယ်။
ဒီနည်းလေးကလွယ်ကူပါတယ်။ အောက်မှာကျနော်ပြောပြသည့်အတိုင်းလုပ်လိုက်ပါ။
Phone settings ထဲကိုဝင်လိုက်ပါ။
ပြီးရင် Call settings ကိုဝင်ပါ။
Call settings ထဲမှ Voicemail ကိုရှာလိုက်ပါ။
Voicemail ထဲမှ Service ကိုနှိပ်ကာ My carrier ကို select ပေးခဲ့ပါ။
ပြီးရင် Setup ထဲကိုဝင်ပါ။
Voicemail number မှာ
GSM ဆိုလျှင် *124#
CDMA ဆိုလျှင် *123# လို့ရိုက်ထည့်ပေးခဲ့ပါ။
# ရိုက်မရလျှင် ဖုန်းမှာပါတဲ့ Android
keyboard ကိုပြောင်းပြီးရိုက်ထည့်ပေးပါ။
SIM card ၂ကဒ်ထည့်ထားရင်လဲ ၂ကဒ်လုံးထည့်ပေးလို့ရပါတယ်။
ပြီးရင် Back key နဲ့ home ထိပြန်ထွက်လိုက်ပါ။
ဖုန်းခေါ်သည့်နေရာမှ နံပါတ် 1 ကို ၂စက္ကန့်လောက်ဖိထားပေးလိုက်တာနဲ့ ငွေလက်ကျန်များကိုဖော်ပြပေးပါလိမ့်မယ်။
အားလုံးအဆင်ပြေကြပါစေ......
0 comments:
Post a Comment
လိုအပ်တာများရှိရင် အောက်မှာ မှာကြားထားခဲ့ပါ